FAQ
FAQ
Frequently Asked Questions
ဘဏ်ချေးငွေ (Home Loan) ဖြင့် အရစ်ကျ ဝယ်ယူနိုင်ပါသလား။
ဘဏ်ချိတ်စနစ်ဖြင့် ဝယ်ယူနိုင်သော အိမ်ရာ၊ တိုက်ခန်းနှင့် ကွန်ဒိုများအတွက် သက်ဆိုင်ရာဘဏ်များနှင့် ချိတ်ဆက်ကာ နှစ်ရှည်အရစ်ကျ ရရှိနိုင်ရန် လိုအပ်သော စာရွက်စာတမ်း ပြင်ဆင်မှုများကို အစအဆုံး ကူညီဆောင်ရွက်ပေးပါသည်။
မိမိပိုင် အိမ်/ခြံ/တိုက်ခန်းကို ရောင်းရန် ဘယ်လိုအပ်နှံနိုင်ပါသလဲ။
ဝဘ်ဆိုဒ်ရှိ Contact Form မှတစ်ဆင့် ဖြစ်စေ၊ ဖုန်းနှင့် Social Media များမှတစ်ဆင့် ဖြစ်စေ ပိုင်ဆိုင်မှုအချက်အလက်နှင့် ဓာတ်ပုံများ ပေးပို့ကာ အခမဲ့ စာရင်းသွင်း အပ်နှံနိုင်ပါသည်။
စာရွက်စာတမ်း ခိုင်မာမှုကို စစ်ဆေးပေးပါသလား။
ဝယ်ယူ/ငှားရမ်းမည့် အိမ်ခြံမြေများ၏ ဂရန်၊ မြေပုံ၊ စာချုပ်စာတမ်း မှန်ကန်ခိုင်မာမှု ရှိ/မရှိကို ဥပဒေအကြံပေး ရှေ့နေများဖြင့် တိကျသေချာစွာ အခမဲ့ ကူညီစစ်ဆေးပေးပါသည်။
အကျိုးဆောင်ခ သတ်မှတ်ချက် ဘယ်လိုရှိပါသလဲ။
အိမ်ခြံမြေ အရောင်းအဝယ်အတွက် ကာလပေါက်ဈေး သတ်မှတ်ချက်အတိုင်း ရောင်းချသူထံမှ (၂%) ကောက်ခံပြီး၊ အငှားအတွက် (၁) နှစ်စာချုပ်ချုပ်ဆိုပါက တစ်လစာ ကောက်ခံပါသည်။ ဝယ်ယူသူ/ငှားရမ်းသူဘက်မှ အကျိုးဆောင်ခ ပေးရန်မလိုပါ။
- +95 9 891 997700
အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှားမှုတိုင်းအတွက် အကောင်းဆုံး လက်တွဲဖော်
အိမ်ရာ၊ တိုက်ခန်းမှသည် စီးပွားရေးရင်းနှီးမြှုပ်နှံမှု မြေကွက်များအထိ
အရှုပ်အရှင်းကင်းစွာဖြင့် အစအဆုံး တာဝန်ယူ ဝန်ဆောင်မှုပေးပါသည်။